ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ကုမ္ပဏီများမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သတင်း အချက်အလက် များအား ပြည်သူ များ ပိုမိုလွယ်ကူစွာ မေးမြန်းနိုင်စေရန်အတွက် Blue Ocean Operating Management Co., Ltd. ၏ ပံ့ပိုးမှုဖြင့် Hotline 1887 အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ် လိုက်ပြီဖြစ်ပါသည်။
အဆိုပါ Hotline အစီအစဉ်အား နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ပါသည်။
မှတ်ချက်။ လက်ရှိတွင် MPT ဖုန်းများသာ ရရှိသေးမည်ဖြစ်ပါသည်။