ဥရောပသမဂ္ဂမှ စာချုပ်ညှိနှိုင်းရေးအဖွဲ့ဝင်တို့နှင့် တွေ့ဆုံဆွေးနွေးခြင်း

ဥရောပသမဂ္ဂမှ စာချုပ်ညှိနှိုင်းရေးအဖွဲ့ဝင်တို့နှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 24 September 2015

ဥရောပသမဂ္ဂမှ Mr. Nicolas VON LINGEN ခေါင်းဆောင်သော မြန်မာ-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် ညှိနှိုင်းရေး အဖွဲ့ဝင်များသည် ၂၂-၉-၂၀၁၅ ရက်နေ့ နံနက် (၉:၃၀) နာရီတွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးသို့ လာရောက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌနှင့် လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနှင့် ဥရောပ သမဂ္ဂ (အီးယူ) တို့အကြား ချုပ်ဆိုမည့် ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူ စာချုပ် နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။