ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 24 October 2024

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဟိုတယ်နှင့်ခရီး သွားလာရေးကဏ္ဍ၌ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ စက်မှုကဏ္ဍ တွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြု ပေးခဲ့သည့်လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုး မျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့  ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၈၆၀ သန်း နှင့် အမေရိကန်‌ဒေါ်လာ ၁.၁၀၃ သန်း ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၆၂၂) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၁)ခု ၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။