ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

Posted on 28 August 2024

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသက်ပိုင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော လျှပ်စစ်သုံးယာဉ် သုံးဘီးမော်တော် ဆိုင်ကယ်များနှင့် လျှပ်စစ် သုံးယာဉ် နှစ်ဘီးမော်တော် ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် ဆန်၊ ပြောင်း ကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်း တို့သို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။