ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က ကူမင်းမြို့ရှိ မြန်မာကုန်သွယ်မှုစင်တာတွင် ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေး

ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က ကူမင်းမြို့ရှိ မြန်မာကုန်သွယ်မှုစင်တာတွင် ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေး

Posted on 31 July 2024

(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကူမင်းမြို့ရှိ၊ မြန်မာကုန်သွယ်မှုစင်တာသို့ သွားရောက်လေ့လာ၍ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများသာမက မြန်မာနိုင်ငံတွင် လက်ရှိ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီများ၏ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ကြသည်။ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို အသေးစိတ်ဆွေးနွေးပြော ကြားခဲ့သည်။ ထို့နောက် ရင်းနှီးမြှုပ်နှံသူများက သိရှိလိုသည်များကို မေးမြန်းရာ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ကူညီပံ့ပိုးပေးခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုသို့ ကုမ္ပဏီ (၁၅) ခုမှ တာဝန်ရှိကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။