ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

Posted on 04 July 2024

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ‌ရွှေပြည်သာ မြို့နယ်ရှိ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော စက်ရုံ၏  စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် အတည်ပြုမိန့်ရယူရန် လျှောက်ထားလာသော CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၏ မြေပြင်အခြေအနေများအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။