ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 28 June 2024

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့် အထူးဖိတ်ကြားထား သည့် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် နေပြည်တော်အတွင်းရှိ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အေးခဲထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ဖွဲနုဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် ပေါင်းဆန်နှင့် ဆန်ဖြူ အဆင့်မြင့် ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလယ်ယာအငှားလိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျိုးတူကန်ထရိုက်လယ်ယာလုပ်ငန်းတို့သို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။