ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

Posted on 17 June 2024

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ဖွဲနုဆီကြမ်းထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၁ ခု၊ CMP စနစ်ဖြင့် အဝတ် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း ၁ ခု၊ ဟိုတယ်လုပ်ငန်း ၁ ခုနှင့် ဆန်ထုတ်လုပ် တင်ပို့ခြင်းလုပ်ငန်း ၁ ခုတို့ကို အတည်ပြုခဲ့ပါသည်။