![](https://www.dica.gov.mm/sites/default/files/styles/news_detail/public/news/img_6921.jpeg?itok=jp-CdAUP)
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင် အပါအဝင် အဖွဲ့ဝင် (၇) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူထံမှတင်ပြလာသော အတည်ပြုမိန့်လျှောက်ထားလွှာအား စိစစ်ခြင်း၊ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။