ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 31 October 2023

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးတင်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၁) ခု၏ တည်ဆောက်ရေးကာလတိုးမြှင့်ခြင်း အပါအဝင် အကျိုးတူလယ်ယာစနစ်ဖြင့် ပြောင်းနှင့်ဆီနေကြာစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းသစ် (၂) ခုကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ်သန်း ၆၀၀ ဖြစ်ပါသည်။