![](https://www.dica.gov.mm/sites/default/files/styles/news_detail/public/news/photo.png?itok=UQLVEoCp)
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသောစက်ရုံများသို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။