ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 05 October 2023

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ CMP စနစ်ဖြင့် လျှပ်စစ်ဝါယာကြိုး အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသောစက်ရုံသို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးအာမခံထားရှိ မှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။