![](https://www.dica.gov.mm/sites/default/files/styles/news_detail/public/news/1_149.jpg?itok=di0b89oM)
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကို နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေများ၊ ဆက်စပ်ဥပဒေများ နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်အတွက် စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများမှ အရေးကြီးအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။