မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် အချိုရည်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ Europe & Asia Beverages Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် စီးပွားဖြစ်စတင်သည့် နေ့အား သတ်မှတ်ပေးပါရန် တင်ပြလာခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့ တွင် သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Posted on 25 March 2020