ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 26 August 2024

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးနှင့် ဦးထုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့  ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာ ဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။