DICA – Directorate of Investment and Company Registration, Ministry of Investment and Foreign Economic Relations (MIFER),
pic3_0
Invest In Myanmar

Grow Your Business In The Golden Land Of Opportunity

business
MyInDy

Myanmar Online Investment Directory

MyInDy supports contact information easy to find via online

pic2_0
MYCO

Myanmar Companies Online

Register your business on Myanmar Compaines Online (MyCo) now

CoronaVirus
Covid-19

Announcements

Latest News On Coronavirus Disease (COVID-19)

previous arrow
next arrow

OUR MISSION

FACILITATE BUSINESS
PROMOTE INVESTMENT
SUSTAIN THE COUNTRY'S DEVELOPMENT

ကြေငြာချက်နှင့်သတင်းအချက်အလက်များ

အမိန့်ကြော်ငြာစာအမှတ်၊ ၁၅/၂၀၂၅ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း
POSTED ON 03 Feb 2025
အမိန့်ကြော်ငြာစာအမှတ်၊ ၁၁/၂၀၂၅ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်း
POSTED ON 24 Jan 2025
အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၂၅) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရာတွင် စံပြုလိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ
POSTED ON 22 Jan 2025
အမိန့်ကြော်ငြာစာအမှတ်(၉၉၈/၂၀၂၄) လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေများအရ သတ်မှတ်ဖော်ပြထားသည့်ပုံစံများနှင့် အခကြေးငွေများ သတ်မှတ်ခြင်း
POSTED ON 22 Jan 2025

နောက်ဆုံးရသတင်းများ

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့် အထူးဖိတ်ကြားထားသည့် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် Contract Farming စနစ်ဖြင့် စပ်မျိုးစပါး များ ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းလုပ်ငန်းသို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သွားရောက်ခဲ့ပြီးလိုအပ်သည်များကို ဆွေးနွေးစိစစ်ခဲ့ပါသည်။NPW-Inspection-4-2-2025-1Download

POSTED ON 05 Feb 2025
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် Hi Avocado Company Limited ၏ အစုရှယ်ယာ လွှဲပြောင်း ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ်  ဆွေးနွေးတင်ပြခဲ့ပြီး  အစည်းအဝေးမှ အတည်ပြု ပေးခဲ့ပါ သည်။ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၈) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၇.၅၉၂ သန်း အပါအဝင် ကျပ်သန်း (၄၆၂၁၆.၃၀၁)ကို ခွင့်ပြုပေးထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်ခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၁၅၁၃)ဦးနှင့် ပြည်ပ (၆၈)ကို ဖန်တီးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။SSIC-1Download

POSTED ON 03 Feb 2025
ကွင်းဆင်း ကြည့်ရှုခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မှော်ဘီမြို့နယ်၊ နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း   ဆောင်ရွက်လျက်ရှိသော စက်ရုံ၏  စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ အတည်ပြုမိန့်ရယူရန် လျှောက်ထားလာသော သစ်သားပြား အမျိုးမျိုးနှင့် ပရိဘောဂ အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း နှင့် CMPစနစ်ဖြင့် ကားပုံစံငယ်နှင့် ကားပုံစံငယ် အစိတ်အပိုင်း ထုတ်လုပ်ခြင်းလုပ်ငန်း မှ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်၍ စက်ပစ္စည်းများ တင်သွင်းခွင့် တင်ပြလာခြင်းအပေါ်  မြေပြင်အခြေ အနေများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန် ဝတ္တရားများ လိုက်နာ ဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ 

POSTED ON 31 Jan 2025
သတင်းများ ဆက်လက်ဖတ်ရှုပါရန်»

မိမိတို့အကြောင်း

စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါ သည်။

အခြေခံအချက်အလက်

ကုမ္ပဏီမှတ်ပုံတင်ခြင်း

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံတွင်အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဆောင်ရွက်မှုမပြုခင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမပြုခင် ယင်းပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသားဖြစ်လျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်းသည် ၄င်းပြုလုပ်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ပုံစံတစ်ခုအနေဖြင့် မှတ်ပုံတင်နိုင်ပါသည်။

  • မြန်မာနိုင်ငံသား တစ်ဦးပိုင် (သို့မဟုတ်) အများပိုင် ကုမ္ပဏီတစ်ခုအနေဖြင့်
  • နိုင်ငံခြားသားပိုင် ကုမ္ပဏီ (သို့မဟုတ်) ကုမ္ပဏီ ရုံးခွဲတစ်ခုအနေဖြင့်
  • ဖက်စပ်ကုမ္ပဏီတစ်ခုအနေဖြင့်
  • အသင်းအဖွဲ့တစ်ခု/ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအနေဖြင့်

ပထမအဆင့်နေဖြင့်
MyCO တွင်အမည်အားစစ်ဆေးပါ။
MyCO ကုမ္ပဏီမှတ်ပုံတင်ခြင်းဖောင်ပုံစံအား ဖြည့်သွင်းပါ။
ဖောင်ပုံစံတင်ခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ကြေးပေးသွင်းခြင်း။
ဆက်လက်ဖတ်ရှုရန်

MIC ခွင့်ပြုမိန့် လျှောက်ထားခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊ အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။


လုပ်ငန်းစဉ်
ခွင့်ပြုမိန့် ရယူရန်အတွက် လိုအပ်သော သတင်းအချက်အလက်များအား DICA ဝက်ဘ်ဆိုက်အား အသုံးပြု၍ ရယူပါ။
ပထမဦးစွာ-ရင်းနှီးမြှုပ်နှံသူများသည် အဆိုပြုလွှာအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
အဆိုပြုလွှာသည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ၁၅ ရက်အတွင်း လက်ခံမည်ဖြစ်ပါသည်။
အဆိုပြုလွှာလက်ခံခြင်း ခံရပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလွှာအား ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက်အား ရက်ပေါင်း ၆၀ အတွင်း သိရှိနိုင်မည်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်