စစ်ကိုင်းတိုင်းဒေသကြီးတွင် အပန်းဖြေဥယျာဉ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

(မုံရွာ၊ ဇွန် ၂၃)

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်တွင် အပန်းဖြေဥယျာဉ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင် သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၁  ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။