ရွှေကမ္ဘာညွန့် ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက် ရှိသော ကွင်းအမှတ်(၈၁၈)၊ ဆွမ်းချက်မြောက်ရပ်၊ စီတီးကျေးရွာအုပ်စု၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးရှိ ရွှေကမ္ဘာညွန့်ကုမ္ပဏီလီမိတက်သို့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန နှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ သည် ၂၀၁၉ခုနှစ်ဇန်နဝါရီလ ၁၀ရက် နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။