“UNBOXING INVESTMENT FACILITATION TOOLKIT 2022″ မိတ်ဆက်ခြင်းနှင့် နေပြည်တော်အတွင်းရှိ ရုပ်ရှင်၊ ဂီတ သဘင်လုပ်ငန်းရှင်များသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေခွင့်ပြုခြင်းလက်မှတ်များပေးအပ်ခြင်း အခမ်းအနား

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးသည် ရင်းနှီး မြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး အထောက်အကူပြုအွန်လိုင်း Tools များအား နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသို့ ရှင်းလင်းမိတ်ဆက်ခြင်း အခမ်းအနား    “Unboxing Investment Facilitation Toolkit 2022″ နှင့်  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ခွင့်ပြုခြင်းလက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ (၁) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ယူထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဝင်များနှင့် ချေးငွေထုတ်ယူခွင့်ရရှိသည့် ရုပ်ရှင်၊ ဂီတ၊ သဘင် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများ၊ တွေ့ဆုံမှုများကို Online မှတစ်ဆင့် လွယ်ကူစွာ ချိတ်ဆက်ကူညီပေးနိုင်ရန် ရည်ရွယ်ဖော်ဆောင်ထားသည့် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution – DOSo) စနစ်၊ Standard Operating Procedures (SOPs) တစ်နေရာတည်း၌ အလုံးစုံဝန်ဆောင်မှုပေးခြင်း (OSS) စနစ်၊ DICA info Android Mobile application အကြောင်းတို့ကို မိတ်ဆက် ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ နေပြည်တော်အတွင်း ရုပ်ရှင်၊ ဂီတ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းရှင်များသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေခွင့်ပြုခြင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။