ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင် သော ကွင်းဆင်းစစ်ဆေးအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့် ဖြင့် ဆောင်ရွက်လျက်ရှိသော ရေထွက်ပစ္စည်းများအေးခဲ၍ ပြည်တွင်း/ ပြည်ပသို့ တင်ပို့ ရောင်းချခြင်း လုပ်ငန်း၊ အသားငါးစည်သွပ်ဘူး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း တို့ကို ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် အအေးခန်းသိုလှောင်ရုံ တည်ဆောက်၍ သန့်ရှင်းလတ်ဆတ်သော ငါး၊ ပုစွန်များ ပြုပြင် ထုတ်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် လည်းကောင်း သွားရောက်၍ ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။