ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ကျောက်မီးသွေးသုံး ၂၃ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ အတည်ပြုမိန့်ဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းသို့ ၂၅-၃-၂၀၂၂ ရက်နေ့ တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။