မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းများ ဆောင် ရွက်လျက် ရှိကြသည့်  CMP စနစ်ဖြင့် သီဟိုဠ်စေ့၊ ငရုတ်၊ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံကို သန့်စင် ကြိတ်ခွဲ၍ ထုတ်ပိုးရောင်းချခြင်းလုပ်ငန်း ၊ စက်ဘီးတာယာ အမျိုးမျိုးနှင့် ဆိုင်ကယ် တာယာ အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် သစ်ခွဲသားနှင့်သစ်အခြေခံ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။