
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးက ဦးဆောင်ပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် Myanmar Companies Online (MyCO) စနစ် အသုံးပြုပုံ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကုမ္ပဏီရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။