ရှမ်းပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကလောမြို့နယ်၊ တောင်ကြီးခရိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် ရာသီသီးနှံများစိုက်ပျိုးခြင်းနှင့် စားသောက် ကုန်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။