
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ဆောင်ရွက်သည့် MIC Permitted Companies Online Visa Application System (MOVAS) အသုံးပြုနည်း ရှင်းလင်းဆွေးနွေးပွဲအမှတ်စဉ် (၁/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ နိုင်ငံခြားသားနေထိုင်ခွင့်၊ ပြည်ပြန်ဝင်ခွင့်ဗီဇာနှင့် အလုပ်သမားမှတ်ပုံတင်ကတ်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပို့ချပေးခဲ့ပြီး ကုမ္ပဏီများနှင့် အတိုင်ပင်ခံကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၉၅ဦး တက်ရောက်ခဲ့ပါသည်။