
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဉက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များသည် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းဝန်ဆောင်ပေးခဲ့မှု အစီရင်ခံစာနှင့် ကချင်ပြည်နယ်တွင် စက်မှုဇုန်တစ်ခု ပေါ်ပေါက်လာစေရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။