ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး

Print Friendly, PDF & Email

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကရင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကော်မတီ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ၊ တင်ပြဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏အခြေအနေနှင့် Covid-19 Fund မှ ချေးငွေများပြန်လည်ပေးဆပ်မှုအခြေအနေစသည်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါ သည်။