ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင် သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မန်ခိန်ဓါတ်အားခွဲရုံသို့ ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် အခက် အခဲများကိုသိရှိရန်အတွက် ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။