
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
(ရန်ကုန်၊ ဇူလိုင် ၂၈)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေး ယူနန်စင်တာ(Yannan Center for International Economic, Trade and Cultural Cooperation)၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့ထိ ကျင်းပမည့် လန်ချန်း-မဲခေါင် ဒေသတွင်း ကုန်သွယ်မှုနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ(Lancang-Mekong Regional Trade and Cultural Cooperation Exchange Seminar)သို့ တက်ရောက်ရန် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် တရုတ်ပြည့်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာခဲ့သည်။ ညွှန်ကြားရေးမှူးချုပ် နှင့် အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။