၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့ (နံနက် ၁၀:၀၀နာရီ )၊ တွင် စီမံကိန်းအထောက်အကူပြု အခြေခံစာရင်းကိုင်သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနား

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် EU-ASEAN COMPASS  တို့ ပူးပေါင်းပြုလုပ်သော စီမံကိန်းအထောက်အကူပြု  အခြေခံစာရင်းကိုင် သင်တန်း ဖွင့်ပွဲအခမ်း အနားကို ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၌ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်း အနားအား စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ အဆိုပါသင်တန်းကို  ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး သင်တန်းသား (၃၀) ဦးတက်ရောက်ကြပါသည်။