ပြင်သစ်သံရုံး၏ စီးပွားရေးအတွင်းဝန်MR. CAUSSE DOMINIQUE တွေ့ဆုံခြင်း

Print Friendly, PDF & Email

၂၀၁၆ ခုနှစ်၊ မေလ (၃) ရက်၊ (အင်္ဂါနေ့) ၁၁:၀၀ နာရီချိန်တွင် ပြင်သစ်သံရုံး၏ စီးပွားရေး အတွင်းဝန် Mr. CAUSSE Dominique သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ (ရုံးချုပ်)သို့ လာရောက်၍ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးနှင့် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းတို့နှင့် တွေ့ဆုံကာ လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် အဓိပ္ပါယ်သတ်မှတ်ချက်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစာရင်းအင်း တိကျမှန်ကန်စေရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သော ဥပဒေ၊ မူဘောင်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။