JICA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

JICA Expert ဖြစ်သူ Mr. Toru HOMMA နှင့် JICA မှ Senior Representative ဖြစ်သူ Mr. Kyosuke INADA ဦးဆောင်သောအဖွဲ့တို့သည် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်း မြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးသို့ ၇-၄-၂၀၁၆ ရက်နေ့ နေ့လည် (၂း၀၀)နာရီတွင် လာရောက်တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ မူဘောင်နှင့် အခြေခံအဆောက်အုံနှင့်စပ်လျဉ်း၍ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာမူဘောင် တို့နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အား ဆွေးနွေးခဲ့ကြသည်။