‘ကုမ္ပဏီတည်ထောင်မည်ဆိုလျှင်’ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခြင်း

Print Friendly, PDF & Email

စီအီးအို စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးမှ ကျင်းပသော ‘ကုမ္ပဏီတည်ထောင်မည်ဆိုလျှင်’ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဟိုတယ်မာဘယ်လ် တွင် ကျင်းပရာ    စီးပွားရေး လုပ်ငန်း ရှင်များ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်း အနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၂၀၁၇မှ  အရေးကြီးသည့် ကောက်နှုတ်ချက်များကို ဆွေးနွေး ပြေားကြားခဲ့ပါသည်။