ရွှေအနာဂတ်ကုမ္ပဏီလီမိတက်နှင့် ခိုင်ဖြိုးဆောက်လုပ်ရေးကုမ္ပဏီလီမိတက်များသို့ ကွင်းဆင်းခဲ့ခြင်း

Print Friendly, PDF & Email

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်၊ မန္တလေးတိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၏လမ်းညွှန်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ရွှေအနာဂတ်ကုမ္ပဏီလီမိတက်နှင့် ခိုင်ဖြိုးဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်များသို့ ၂၀၁၉ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။