ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန်ထွက်ခွာခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် အာဆီယံ-ကိုရီးယားစင်တာ (AKC) တို့ပူးပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့ဝင် (၈)ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကိုရီးယား သမ္မတနိုင်ငံသို့  ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပါသည်။