![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ– ၇၆ အရ နှစ်ပတ်လည် အထွေထွေ အရပ်ရပ် အစည်းအဝေးကို ကုမ္ပဏီစတင် ဖွဲ့စည်းတည်ထောင်သည့် နေ့မှ ၁၈ လ အတွင်း လည်းကောင်း၊ နောင်လာမည့် နှစ်များတွင် နောက်ဆုံးကျင်းပခဲ့သော အထွေထွေအရပ်ရပ် အစည်းအဝေး ကျင်းပခဲ့သည့် ၁၅ လ ထက် ကျော်လွန်ခြင်းမရှိ၊ ပြက္ခဒိန်နှစ် မကျော်လွန်စေဘဲ ကျင်းပပြီး ဥပဒေပုဒ်မ–၃၂ အရ ကုမ္ပဏီအဖွဲ့ဝင်စာရင်း ပုံစံ(င) နှင့် နှစ်ချုပ်စာရင်းများအား (၂၁)ရက်အတွင်း တင်ပြရမည်ဟု ပြဌာန်းထားပါသည်။
၂။ သို့ဖြစ်ပါ၍ ၂၀၁၄–၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများမှ အထက်ပါ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ပုံစံ(င) တင်ပြထားခြင်းမရှိသော ပူးတွဲပါကုမ္ပဏီများ သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြကြရန် အသိပေး ကြေညာ အပ်ပါသည်–
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန
ပုံစံ(င)တင်ပြခြင်းမရှိသောကုမ္ပဏီများစာရင်းအားရယူရန်