သုံးလပတ် အစီရင်ခံစာ (ပုံစံ -၁၀) အသစ်ဖြင့် စမ်းသပ်အသုံးပြုတင်ပြသွားရန် အသိပေးကြေညာခြင်း

Print Friendly, PDF & Email

၁။      မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ခွင့်ပြုမိန့်/ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ကော်မရှင်မှ သုံးလပတ်အစီရင်ခံစာ (ပုံစံ-၁၀)အား ကဏ္ဍများအလိုက် ခွဲခြားခြင်းမရှိဘဲ ပုံစံတစ်မျိုးတည်းဖြင့် ပြောင်းလဲပြင်ဆင်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စမ်းသပ်ကာလ ၃လ အဖြစ် စမ်းသပ်အသုံးပြုမည်ဖြစ်ပါသည်။

၂။       သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ရရှိထားသော ကုမ္ပဏီများအနေဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်း​ဥပဒေ ၁၉၇ အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သုံးလပတ် အစီရင်ခံစာတင်ပြရာတွင်  အသစ်ထုတ်ပြန်ထားသည့် ပုံစံ-၁၀ အသစ်ဖြင့် ပြောင်းလဲတင်ပြရန် အသိပေးအကြောင်းကြားပါသည်။

၃။   သုံးလပတ်အစီရင်ခံစာ ပုံစံ-၁၀ အသစ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန Websiteဖြစ်သည့်  www.dica.gov.mm  တွင် ဖော်ပြထားပြီး (ပုံစံ-၁၀) တင်ပြခြင်းနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ပြောင်းလဲခြင်းရှိပါက ကော်မရှင်မှ  အချိန်မီအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

new_quartery_reprot.pdf