“၈ ကြိမ်မြောက် မဲခေါင်-ကိုရီးယား စီးပွားရေးဖိုရမ်” သို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးစိုးမြင့်အောင်မှ တက်ရောက်

Print Friendly, PDF & Email

ဗီယက်နမ်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ ပူးပေါင်းကျင်းပသည့် ၈ ကြိမ်မြောက် မဲခေါင်-ကိုရီးယား စီးပွားရေးဖိုရမ် ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်အောင်သည် Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး “Setting the Scene: Emerging Opportunities and Challenges for Business in the Changing Landscape of the Global Economy” ခေါင်းစဉ်အား Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။