ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများအတွက် SHIFT FROM CSR TO CREATING SHARED VALUED (CSV) သင်တန်းကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် Myanmar Centre for Responsible Business (MCRB) တို့ ပူးပေါင်း၍ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သည့် Shift from CSR to Creating Shared Valued (CSV) သင်တန်းအား ၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆဌမမြောက်နေ့တွင် Ms. Vicky Bowman မှ ဦးဆောင်၍ MCRB မှ ပို့ချသူ များက Shift from CSR to Creating Shared Valued (CSV) ခေါင်းစဉ်ဖြင့် Creating Shared Value ၏ အရေးကြီးသည့် အခန်းကဏ္ဍ၊ CSR၏ အဓိပ္ပာယ်နှင့် CSR ၏ အကျိုးအပြစ် များနှင့် CSR နှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်နှီး မြှုပ်နှံမှုကော်မရှင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အခန်းကဏ္ဍတို့အား သင်တန်းတက်ရောက်သူများအား သိရှိ စေရန် ဆွေးနွေးပို့ချခဲ့ပါ သည်။

သင်တန်းဆဌမမြောက်နေ့ဖြစ်သည့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၄ရက်နေ့တွင် MCRB မှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၂၅ ဦး တက်ရောက်ခဲ့ကြပါသည်။