MYANMAR SMELTING & REFINING CO., LTD. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သံဓါတ်မပါသောသတ္တုများ အားလုံးနှင့် ကုန်ကြမ်းများ(စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲ အစအန၊ အလူမီနီယမ် စသည့်) အား အရည်ကြို သန့်စင်ခြင်းဖြင့် ခဲနှင့် သတ္တုစပ်များ၊ ပလတ်စတစ်အစေ့(သို့မဟုတ်) အဆံများ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၂၀၀၊ မြောင်းတကာ သံမဏိစက်မှုဇုန်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar Smelting & Refining Co., Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့သည် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၅ ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။