ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက်

Print Friendly, PDF & Email

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ၂၀၁၇ ခုနှစ်ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ ယင်းဥပဒေအသစ် စတင်ကျင့်သုံးဆောင်ရွက်နိုင်ရန် အတွက် စည်းမျဉ်းများရေးဆွဲခြင်း၊ ပုံစံသတ်မှတ်ချက်များရေးဆွဲခြင်း၊ အီလက်ထနောနစ် မှတ်ပုံတင် စနစ်များထူထောင်ခြင်းနှင့် ပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်းစသည့် ပြင်ဆင်မှုများကို အနည်းဆုံး အချိန် ၇ လ ခန့်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ကုမ္ပဏီဥပဒေအသစ် ပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေများကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်း၊ အခြားနိုင်ငံများတွင် အနည်းဆုံး ၁ နှစ်ခန့် အချိန်ယူမှ  ဆောင်ရွက်ခဲ့ရသည့် အတွေ့အကြုံများ ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အများဆုံး ၈ လခန့်သာ အချိန်ယူ၍ အမြန်ဆုံးကျင့်သုံးဆောင်ရွက်နိုင်ရန် ကြိုးပမ်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

 သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ကျင့်သုံးနိုင် ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။