YANGON PANATEX APPAREL CO., LTD. တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၁၀၉၅/၂၀၁၆)ဖြင့် CMP စနစ်ဖြင့် အထည်ချုပ် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၄၊ မြေတိုင်းရပ်ကွက်အမှတ် (င-၁၂)၊သာဓုကန် စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Yangon Panatex Apparel Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက် ပြီးစီးမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု ၊ ပြည်တွင်း ပြည်ပ ဝန်ထမ်းခန့်ထားမှု အခြေအနေ၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေ အနေတို့ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။