အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး WILMAR MYANMAR EDIBLE OILS LIMITED & WILMAR MYANMAR FLOUR MILLS LIMITED စက်ရုံဖွင့်ပွဲအခမ်းအနားနှင့် WILMAR MYANMAR RICELAND LIMITED တို့၏ ဆန်စက်ရုံတည်ဆောက်ခြင်းအတွက် GROUND BREAKING CEREMONY အခမ်းးအနားများသို့ တက်ရောက်

Print Friendly, PDF & Email

ရန်ကုန် အောက်တိုဘာ ၂၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဦးအောင်နိုင်ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ Wilmar Myanmar Edible Oils Limited & Wilmar Myanmar Flour Mills Limited စက်ရုံဖွင့်ပွဲ အခမ်းအနားနှင့်  Wilmar Myanmar Riceland Limited တို့၏ ဆန်စက်ရုံတည်ဆောက်ခြင်းအတွက် Ground breaking Ceremony အခမ်းးအနားများသို့ တက်ရောက်ခဲ့ပါသည်။

Wilmar Myanmar Edible Oils Limited, Wilmar Myanmar Flour Mills Limited နှင့်  Wilmar Myanmar Riceland Limited တို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပြီး စင်္ကာပူ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သော ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်ပါသည်။ ဤ စက်ရုံများ အနေဖြင့် စားသုံးဆီ၊ ဆန်မှုန့်နှင့်ဂျုံမှုန့်များထုတ်လုပ် ရောင်းချသွားမည်  ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနား၌ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက အဖွင့်အမှာစကားပြော ကြားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း၊ပြည်ပမှ အဆင့်မြင့်ပြီး အရည် အသွေးပြည့်ဝသည့် ရင်းနှီး မြှုပ်နှံမှုများ(Quality Investment) ပိုမိုဝင် ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိ ကြောင်း၊ Wilmar Investment Holdings Pte. Ltd. ကဲ့သို့ နည်းပညာမြင့်မား၍ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်သည့်  စားသုံးဆီ၊ ဆန်မှုန့်နှင့် ဂျုံမှုန့်များထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် အတွက်ကြိုဆိုပါကြောင်းနှင့် တာဝန် ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြား ခဲ့ပါသည်။

၎င်းနောက် အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ စားသုံးဆီ၊ ဆန်မှုန့်နှင့်ဂျုံမှုန့်များထုတ်လုပ်နေမှု အခြေအနေများအပေါ် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။