
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation (IFC) တို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းသည့် နည်းလမ်းမူဝါဒစာတမ်း နှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ရက်နေ့တွင် Sule Shangri La Hotel၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျင်းပရခြင်းရည်ရွယ်ချက်မှာ ၂၀၁၈ ခုနှစ် မေလတွင် ရန်ကုန်မြို့၊ ညောင်ဦးမြို့သစ် (ပုဂံ) နှင့် မော်လမြိုင်မြို့တို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်များအပေါ် အခြေခံ၍ ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုနစ်နာမှု ဖြေရှင်းသည့် နည်းလမ်းမူဝါဒစာတမ်း အပေါ်တွင် သက်ဆိုင် ရာကဏ္ဍအသီးသီးမှ အကြံပြုညှိနှိုင်းဆောင်ရွက်နိုင်ရန် အတွက် ကျင်းပပြုလုပ်ခြင်းဖြစ် ပါ သည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း များ၊ IFC မှ ကိုယ်စားလှယ်များ အပါအဝင် မြန်မာနိုင်ငံရှိ Foreign Chamber of Commerce and Industries မှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်၊ DFAT မှ First Secretary ဖြစ်သူ Ms. Vanessa Hegarty နှင့် International Finance Corporation (IFC) မှ Private Sector Specialist ဖြစ်သူ ဦးသစ္စာတို့မှ အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူ Mr. Sufian Jusoh မှ “The Concept and Benefits of Investor Grievance Mechanism (IGM)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူ Mr. Chris Hughes မှ “The Proposed Legal Framework for Investor Grievance Mechanism (IGM) in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ရင်းနှီးမြှုပ်နှံမှု နစ်နာမှုဖြေရှင်းသည့်နည်းလမ်းမူဝါဒစာတမ်းအပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးပွဲ ကို မွန်းလွဲ (၁:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။