
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၉)အပါအဝင် ရက်သတ္တ ပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲနှင့် “ လုပ်ငန်းခွင် မြန်မာ့ယဉ်ကျေးမှု ကို လေးစားလိုက်နာခြင်းလမ်းညွှန် စာအုပ်” မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အချက်အလက် များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/ ၂၀၁၉) အားဖြန့်ဝေခဲ့ပါသည်။
အဆိုပါ မီဒီယာတွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့စီးပွား ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business _MCRB) တို့မှ နိုင်ငံခြားသားများအနေဖြင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို ပိုမိုနားလည်စေရန်၊ လုပ်ငန်းခွင်နှင့်ဒေသခံလူထုအကြားတွင် ဓလေ့ထုံးတမ်းဆိုင်ရာ အထင်လွဲမှုများမပေါ်ပေါက်စေရန် ရည်ရွယ် ၍ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာနှင့် ဂျပန်ဘာသာ တို့ဖြင့် ထုတ်ဝေသော “လုပ်ငန်းခွင် မြန်မာ့ယဉ်ကျေးမှု လေးစားလိုက်နာခြင်း လမ်းညွှန်စာအုပ်” အား မိတ်ဆက်ခဲ့ပါသည်။ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ (၁၄)ခုမှ သတင်းထောက် (၁၅)ဦး တက်ရောက်ခဲ့ပြီး သတင်း မှတ်တမ်း ရယူခဲ့ကြပါသည်။