ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အတွေ့အကြုံဖလှယ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးဟိန်း၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ရင်ရင်မာတို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်မည့် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အတွေ့အကြုံဖလှယ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားပါသည်။