မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့် ဂျပန်နိုင်ငံတွင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုသည့်စနစ်ဖြင့် ဆောင်ရွက်နေသည့် စက်မှုလုပ်ငန်းများအား သိရှိနားလည်စေရေးအစီအစဉ် သွားရောက်ခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် ဂျပန်နိုင်ငံတွင် စွန့်ပစ်ပစ္စည်းများကို ပြန်လည် အသုံးပြုသည့်စနစ်ဖြင့် ဆောင်ရွက်နေသည့် စက်မှုလုပ်ငန်းများအား လေ့လာရန် ဂျပန်နိုင်ငံသို့  သွားရောက်ခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် Daiwa Securities နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး  ဂျပန်-မြန်မာ အသင်းနှင့် အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဒီဇင်ဘာလ ၈ ရက်နေ့တွင် Kawasaki မြို့တော်ဝန် Mr. Norihiko Fukuda နှင့် Kawasaki City Hall ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့နောက် Yamanaka Car Recycle Plant နှင့် Ukishima Incineration Plant သို့သွားရောက်၍ Plastic recycle facility လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လေ့လာခဲ့ပါသည်။