IRRAWADDY FISHERIES DEVELOPMENT CO., LTD.သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (ARIC)၏ အတည်ပြုမိန့်ဖြင့် ပုသိမ်မြို့နယ်(ငွေဆောင်မြို့နယ်ခွဲ)ရှိ ပုစွန်မွေးမြူ ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော  Irrawaddy Fisheries Development Co., Ltd.သို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။