ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် လုပ်ငန်းစဉ်အကောင်အထည်ဖော်ရေးဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ခြင်း

Print Friendly, PDF & Email

ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် လုပ်ငန်းစဉ်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ADB၊ DaNa Facility ၊ DFID၊ GIZ၊ JICA ၊ IFC နှင့် USAID တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။