AMAZING ADVANCED TRANSFORMING & MANUFACTURING CO., LTD. သို့ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  ကြီးကြပ်ရေး အဖွဲ့  ဥက္ကဌ ၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင် ဦးဆောင်သောအဖွဲ့ သည် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (ARIC) ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသော ညောင်တုန်းမြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ Amazing Advanced Transforming & Manufacturing Co., Ltd. ၏ စပါးခွံလောင်စာတောင့် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းသို့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။